အသည်း ပျက်စီး နေပြီ ဆိုတာ ပြသနေ တဲ့ အဓိကလက္ခဏာ (၇)မျိုး အကြောင်း - Online  Hartha

 ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါဆိုသည်မှာ အသည်း၏ လုပ်ငန်းများကို ထိခိုက်စေပြီး အသည်းကင်ဆာအထိ ဖြစ်ပွားစေနိုင်ပါသည်။ အသည်းရောင်ရောဂါ A,B,C,D,E ဟူ၍ မျိုးကွဲငါးမျိုးရှိပြီး ပိုးအားလုံးဟာ အသည်းရောင်ရောဂါဖြစ်ပွားစေနိုင်သော်လည်း ဖြစ်ပွားပုံနည်းလမ်းများကွာခြားပါသည်။

အသည်းရောင်ရောဂါ(အေ)ပိုး

အသည်းရောင်ရောဂါ(အေ)ကိုဖြစ်စေပြီး ကူးစက်မြန်ပါတယ်။ လူနာ၏မစင်တွင်ပါတတ်ပြီး မသန့်ရှင်းသော ရေနှင့် အစားအစာတို့မှကူးစက်နိုင်ပါသည်။ ထို့အပြင် လိင်ဆက်ဆံခြင်းမှလည်း ကူးစက်နိုင် သည်။

မပြင်းထန်သော အသည်းရောင်ရောဂါ(အေ)သည် ကုသရန်မလိုပါ။ အသည်းအား တစ်စုံတစ်ရာ ထိခိုက်ခြင်း မရှိဘဲ ပြန်ကောင်းနိုင်ပါသည်။ သို့သော်လည်း အသည်းရောင်ရောဂါ(အေ)သည် တစ်ခါတရံတွင် ပြင်းထန်စွာ ဖြစ်ပွားတတ်ပြီး အသက်အန္တရယ်ဖြစ်စေနိုင်ပါသည်။

ညစ်ညမ်းသောနေရာများတွင် အဖြစ်များသည့်အတွက်ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုမြှင့်တင်ခြင်းသည် အကောင်းဆုံးကာကွယ်မှုဖြစ်သည်။ အသည်းရောင်ရောဂါပိုး (အေ)ကို ကာကွယ်ရန်အတွက် လုံခြုံ ထိရောက် သော ကာကွယ်ဆေးများလည်းရရှိနေပါပြီ။

အသည်းရောင်ရောဂါ(ဘီ)ပိုး

အသည်းရောင်ရောဂါ(ဘီ)သည် အသည်းရောင်အသားဝါ(ဘီ)ပိုးကြောင့်ဖြစ်သော ပြင်းထန်သည့် အသည်း ရောဂါဖြစ်သည်။ ရောဂါပိုးပါသောသွေး၊ သုတ်ပိုးနှင့် အခြားခန္ဓါကိုယ်မှ အရည်များဖြင့် ထိတွေ့ ခြင်းဖြင့် ကူးစက်နိုင်သည်။ ရောဂါပိုးပါသောသွေးအားသွင်းမိခြင်း၊ အပ်စူးခြင်းတို့မှလည်းကူးစက်နိုင်သည်။

အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိခင်မှကလေးမွေးချိန်တွင်လည်းကောင်း ၊ကလေးငယ်သေး ချိန်တွင် အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိသားစုဝင်မှလည်းကောင်းကူးစက်နိုင်သည်။ တစ်နှစ်အောက် ကလေး နှင့် ကလေးငယ်များတွင် နာတာရှည်အသည်းရောင်ရောဂါ(ဘီ)ဖြစ်လွယ်သည်။

ကျန်းမာရေးလုပ်သားများတွင်လည်း အဖြစ်များပြီးရောဂါပိုးသယ်ဆောင်သော အပ်စူးမိခြင်းမှကူးနိင်သည်။ လုံခြုံထိရောက်သောကာကွယ်ဆေးများလည်းရရှိနေပါပြီ။ ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်သေးပါ။

ရောဂါပိုးရှိသူသည် အခြားသူများအားမကူးစက်အောင် ကြိုတင်ကာကွယ်မှုများပြုလုပ်ကာ ရောဂါမပြန့်ပွား စေရန် ပြုလုပ်ရမည်ဖြစ်သည်။

အချို့သူများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်ခံရမှုသည် နာတာရှည်အဖြစ်သို့ ကူးပြောင်း သွား တတ်ပါသည်။ ကူးစက်ခံရပြီး ခြောက်လကျော်သည်အထိ ပိုးမပျောက်ကင်းသည့်အခါ နာတာရှည် အသည်းရောင်(ဘီ) အဖြစ်သတ်မှတ်ပြီး နာတာရှည် အသည်းရောင် (ဘီ) သမားများတွင် အသည်း ပျက်စီးမှုနှင့် အသည်းကင်ဆာ၊ အသည်းခြောက်မှုများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာစေပါသည်။

အသည်းရောင်ရောဂါ(စီ)ပိုး

အသည်းရောင်ရောဂါ(စီ)ပိုးသည် အသည်းကိုတိုက်ခိုက်ပြီး အသည်းအားရောင်ရမ်းစေတတ်သော ရောဂါပိုး တစ်မျိုးဖြစ်သည်။ ရောဂါပိုးပါသောသွေးနှင့်ထိတွေ့ခြင်း၊ မူးယစ်ဆေးသုံးစွဲစဉ် အပ်များမျှဝေ သုံးစွဲခြင်းတို့မှ ကူးစက်နိုင်ရုံသာမက လိင်မှတစ်ဆင့်(အဖြစ်နည်း)လည်း ကူးစက်နိုင်သည်။ အသည်းရောင် အသည်းဝါ(စီ)ပိုး အသည်းရောင်အသည်းဝါပိုးများထဲတွင် အဆိုးဆုံးဖြစ်သည်။ ကာကွယ်ဆေးမရှိပါ။

အသည်းရောင်ရောဂါ(ဒီ)ပိုး

အသည်းရောင်ရောဂါ(ဘီ)ပိုးရှိသောသူသည် အသည်းရောင်ရောဂါ(ဒီ)ပိုးပါတွဲရှိနေတတ်ပြီး ပို၍ဆိုးဝါးသော ရလဒ်များရရှိနိုင်သည်။ ဘီပိုးကာကွယ်ဆေးသည် ဒီပိုးအတွက်လည်းကာကွယ်မှုပေးသည်။

အသည်းရောင်ရောဂါ(အီး)ပိုး

အသည်းရောင်ရောဂါ(အီး)ပိုးသည် မသန့်ရှင်းသောရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်တတ်သည်။ အချို့ဖွံဖြိုးဆဲနိုင်ငံများတွင် အသည်းရောင်ရောဂါများအဖြစ်များသည်။ ကာကွယ်ဆေးများ ထွက်ပေါ်နေပြီ ဖြစ်သော်လည်း ကျယ်ပြန့်စွာမရရှိနိုင်သေးပါ။(Dr. Thin Yadanar)