အသည်းရောင်အသားဝါရှိတဲ့သူတွေအတွက် ရှောင်ရမယ့်အစားအသောက်များ?

 Researchers discover important changes in pulmonary veins caused by  COVID-19 | UZ Leuven

တချို့သော အစားအစာများသည် အသည်းကို ထိခိုက်နိုင်သောကြောင့် အသည်းရောင်အသားဝါရောဂါရှိလျှင် အစားအစာကို ဂရုတစိုက်ရွေးချယ်စားသုံးသင့်ပါတယ်။ အသည်းရောဂါရှိလျှင် အလွန်အကျွံ မစားသင့်သော အစာနှင့် ရှောင်ကြဉ်ရမည့်အစားအစာများကို မှတ်သားနိုင်ရန်အောက်တွင် ဖော်ပြထားပါတယ်။

အာဟာရဖြစ်သော အစားအစာများအပြင် ကျန်းမာရေးကို ထိခိုက်စေသော၊ အသည်းကို ထိခိုက်နိုင်သော အစားအစာများလည်း ရှိပါတယ်။

အရက်ဖြတ်ပါ။

အရက်သည် အဆိပ်အတောက်ဖြစ်စေပြီး အူမှ အာဟာရဓာတ်များ စုပ်ယူခြင်းကို ဟန့်တားသောကြောင့် အမြဲရှောင်ကြဉ်သင့်သောအစားအစာတွင် ပါဝင်ပါတယ်။ ဘီယာ၊ ဝိုင်၊ ရှန်ပိန်၊ အရက်ပြင်းများသောက်ခြင်းကို ရှောင်ကြဉ်ပါ။

ဆေးဆိုင်တွင် အလွယ်တကူရနိုင်သော အရက်ပါဝင်သော ချောင်းဆိုးပျောက်ဆေးရည်များကိုလည်း မှတ်သား ပြီး ရှောင်ကြဉ်သင့်ပါတယ်။

ဆိုဒီယမ်ဓာတ် (ဆား)ပါဝင်သော အစားအစာများ အလွန်အကျွံ စားခြင်းကို ရှောင်ကြဉ်ပါ။

ဆိုဒီယမ်ဓာတ်များပါက အသည်း၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပြီး သွေးပေါင်တက်ခြင်းမှတဆင့် အသည်းအဆီဖုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။ စည်သွတ်ထားသော အစားအစာများသည် ဆားနှင့် သကြားဓာတ် ပါဝင်မှုများသောကြောင့် ဗိုက်တွင် ဖောရောင်ခြင်း၊ သွေးအတွင်း ရေဓာတ်များခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အစားအစာတွင် ပါဝင်သော အာဟာရပါဝင်မှု အညွှန်းကိုဖတ်ပါ။ ဆားပါဝင်မှုများသော အသားနှင့် အသားချောင်းများကို လျှော့စားပါ။ သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

ပြည့်ဝဆီများစားခြင်းကို ရှောင်ကြဉ်ပါ။

အသည်းရောဂါဖြစ်လျှင် ကိုယ်အလေးချိန်ကျဆင်းနိုင်သောကြောင့် အဆီကို လုံးဝရှောင်တာမျိုး မလုပ် သင့်ပါ ဘူး။ သို့သော်လည်း အသည်းရောဂါဖြစ်နေချိန်တွင် အဆီကို အူမှစုပ်ယူနိုင်ရန်နှင့် ခန္ဓာကိုယ်မှ ချေဖျက်နိုင် ရန်အတွက် လိုအပ်သော သည်းခြေရည်ထုတ်လုပ်မှုနည်းလာနိုင်ပါတယ်။

ထို့ကြောင့် ကျန်းမာရေးနှင့် မညီညွတ်သောပြည့်ဝဆီ (ထောပတ်ဆီ၊ အဆီမထုတ်ထားသောနွားနို့၊ အသားမှရသောအဆီ) များကို ရှောင်ကြဉ်သင့်ပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်သော မပြည့်၀ဆီများ (သံလွင် ဆီ၊ ထောပတ်သီးအဆီ)ကို ရွေးချယ်စားသုံးသင့်ပါတယ်။

ပရိုတင်းဓာတ် (အသားဓာတ်) အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ။

အသည်းရောင်နေချိန်တွင် အသည်း၏ လုပ်ဆောင်ချက်များကို ထိခိုက်စေသဖြင့် ခန္ဓာကိုယ်တွင် အမိုးနီးယားဓာတ်(ammonia) များစုပေါင်းနိုင်ပါတယ်။ ၎င်းဓာတ်သည် ဦးနှောက်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပြီး ထိခိုက်စေနိုင်ပါတယ်။

ကျွမ်းကျင်ပညာရှင်များက တစ်နေ့ကို ကိုယ်လေးချိန် ၁ကီလိုတွင် ပရိုတင်းဓာတ် ၁ဂရမ်နှုန်းထက် ပို၍ မစားသင့်ကြောင်း ဆိုထားပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုများသော အစားအစာများမှာ အသား၊ ကြက်သား၊ ငါး၊ နို့ထွက်ပစ္စည်းများ၊ ပဲ၊ အစေ့အဆံများ ပါဝင်သည်။

ချိုသော အစားအစာများကို မစားပါနှင့်။

ချိုသော အစားအစာများသည် ကာဗိုလ်ဟိုက်ဒရိတ်ဓာတ်များ ပါဝင်သောကြောင့် ဆီးချိုရောဂါဖြစ်စေနိုင်ပြီး အသည်းကိုလည်း ထိခိုက်နိုင်ပါတယ်။ ကိတ်မုန့်၊ ပေါင်မုန့်ဖြူနှင့် သကြားပါသော အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

သဘာ၀ သကြားနှင့် အမျှင်ဓာတ်ပါသော အစားအစာများ(စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ပန်းသီး) တို့ကိုတော့ စားသင့်ပါတယ်။ အမျှင်ဓာတ် ပါသော အစားအစာများသည် ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

သင့်လျော်သော အစားအစာကို ရွေးချယ်ခြင်းသည် မည်သည့်ကုသမှုတွင်မဆို အရေးပါသော အပိုင်း ဖြစ်ပါတယ်။ သင့်လျော်သော အစားအစာများသည် သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို သန့်စင် စေနိုင်ပါတယ်။ အစားအသောက်ကို သေချာရွေးချယ်စားသုံးလေသင်ကျန်းမာလေဖြစ်မှာပါ။ (Dr. Sandar Lin)

No comments:

Powered by Blogger.