အသည်းခြောက်ရောဂါလက္ခဏာနှုင်.ကာကွယ်နည်းများ

 17 causes of chest pain (other than a heart attack) - Scrubbing In

လူနာအတော်များများတွင် အသည်းခြောက်ရောဂါသည် လက္ခဏာမပြခြင်း သို့မဟုတ် အနည်း ငယ်သာ ပြခြင်းတို့ ဖြစ်တတ်သော်လည်း ရောဂါ၏ပြောင်းလဲဆိုးရွားလာမှုအပေါ်မူတည်၍ နောက်ဆက်တွဲ ပြဿနာ များ ဖြစ်ပေါ်ပါသည်။ ထိုသို့လက္ခဏာများ ပြသသည့်အခါတွင် ဖြစ်နိုင်သည်များမှာ  
 

  • မောပန်းခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း
  • အမျိုးသမီးများတွင် ရာသီမမှန်ခြင်း၊ အမျိုးသားများတွင် ရင်သားကြီးလာခြင်းနှင့် လိင်စိတ်ပျောက်ခြင်း
  • အယ်လ်ဗျူမင် ပမာဏလျော့ကျမှုကြောင့် ခြေထောက်များ သို့မဟုတ် ဝမ်းဗိုက်တွင်ဖောရောင်ခြင်းနှင့် ရေများစုဝေးခြင်း
  • သွေးတိတ်ခြင်းအတွက်လိုအပ်သော ပရိုတင်းဓာတ်များ လျော့ကျမှုကြောင့် အလွယ်တကူ သွေးခြေ ဥခြင်း သို့မဟုတ် သွေးထွက်ခြင်း
  • မယ်လနင်ဓာတ်စုဝေးမှုကြောင့် အသားနှင့်မျက်စိများဝါခြင်း
  • အရေပြားတွင်သည်းခြေမှထွက်သောဓာတ်များစုဝေးမှုကြောင့် အရေပြားအလွန်ယားယံခြင်း
  • အသည်းမှ အဆိပ်အတောက်များကို ထိရောက်စွာမစွန့်ထုတ်နိုင်တော့သောကြောင့် သွေးထဲတွင် အဆိပ်အတောက်များ စုပုံစေပြီး အာရုံစူးစိုက်မှုအားနည်းလာခြင်း သို့မဟုတ် မေ့လျော့ခြင်း စသဖြင့် စိတ်မူမမှန်ခြင်းများကို ဖြစ်ပေါ်စေသည်။
  • ဆေးဝါးများကို အသည်းမှပုံမှန်အတိုင်း ကောင်းစွာမစစ်ထုတ်နိုင်တော့သည့်အတွက် ဆေးဒဏ် မခံနိုင်တော့ဘဲ တခါတရံတွင် ခန္ဓာကိုယ်ထဲ၌ဆေးဝါးများစုပုံလာပြီး ဆေးဝါးများ၏ အာနိသင် များပိုလျှံမှုဖြစ်တတ်သည်။ 
  • သွေးစီးဆင်းမှုပုံမမှန်သောကြောင့် အစာအိမ်ထဲတွင် သို့မဟုတ် အစာရေမျိုပြွှန်တွင် အလွန်အမင်း သွေးယိုစိမ့်ခြင်းကိုဖြစ်စေသည်။ ထိုအခါမျိုးတွင် အသက်အန္တရာယ်များကာ ချက်ခြင်းကုသမှု ခံယူရန် လိုအပ်ပါသည်။
  •  ကုသမှု၏ရည်ရွယ်ချက်မှာ အသည်းတွင် အမာရွတ်ပိုမိုကြီးထွားလာမှုနှေးကွေးစေရန်နှင့် ဖြစ်ပေါ် လာနိုင်သော နောက်ဆက်တွဲပြဿနာများကို  ကာကွယ်နိုင်ရန် နဂိုရှိနေသော ရောဂါ အခြေအနေကို ကုသရေးဖြစ်သည်။ ဆရာဝန်များသည် ဖြစ်ပွားနေသော အခြေအနေကို ကုသပေးပြီး လူနာများသည် မိမိတို့၏အသည်းကို ပျက်စီးစေနိုင်သော ထပ်မံထိခိုက်မှုမရှိစေရန် ဂရုစိုက် ရမည်ဖြစ်သည်။
    • အရက်သောက်သုံးခြင်းမှ ရပ်ပါ။
    • အသည်းကို ပိုမိုထိခိုက်မှုဖြစ်စေသည့် ဆေးဝါးနှင့်အစားအစာများကို ရှောင်ကျဉ်ပါ။
    • ဘတ်တီးရီးယားပိုးကူးစက်စေတတ်သည့်အတွက် အစားအစာအစိမ်းများ အထူးသဖြင့် ပင်လယ်စာ အစိမ်းများကို စားသုံးခြင်းမှ ရှောင်ကျဉ်ပါ။
    • သင့်တော်သော ပရိုတင်းပမာဏကို စားသုံးပါ။ ငါးကဲ့သို့ အဆီနည်းပရိုတင်း သို့မဟုတ် ပဲပုပ် ကဲ့သို့သော ပဲမှရသည့်ပရိုတင်းများကို ရွေးချယ်ပါ။
    • ခြေထောက်များနှင့် ဝမ်းဗိုက်တွင် ဖောရောင်မှုရှိပါက အစားအစာများတွင် ဆားထည့် စားသောက်ခြင်းမှ ရှောင်ကျဉ်ပါ။
    • အသည်းရောင်အသားဝါရောဂါ အေနှင့်ဘီ၊ တုပ်ကွေးရောဂါ၊ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး များထိုးပါ။ အဘယ်ကြောင့်ဆိုသော် အသည်းခြောက်ရောဂါရှိသောသူသည် ရောဂါပိုးများကို ပြန်လည်တိုက်ထုတ်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။
    • ရောဂါအခြေအနေကို သုံးသပ်စောင့်ကြည့်ရန်အတွက် ဆရာဝန်နှင့်ပြသပါ။

No comments:

Powered by Blogger.