အသည်းရောင် B ပိုး ရှိသူပြုလုပ်သင့်သောအရာများ?

 အသည်းရောင်အသားဝါ ဘီ ပိုး | OnDoctor

သင့်တွင်အသည်းရောင် အသားဝါဘီပိုး ရှိနေလျှင်ထိုရောဂါနှင့် ပတ်သက်၍ ဗဟုသုတများကို သိထားသင့် ပါတယ်။ ထိုသို့သိ ထားခြင်းဖြင့်ရောဂါလျှင်မြန်စွာပျောက်ကင်းနိုင်ပြီး တခြားသူ များကို ရှောင်ကြဉ်နိုင်ပါတယ်။ ဒါကြောင့်အသည်းရောင်အ သားဝါဘီပိုးနှင့် ပတ်သက်၍သင်ဘာတွေသိထားသင့်ပါသလဲ။

အသည်းရောင်အသားဝါဘီပိုးကူးစက်ခြင်းမှပြန်ကောင်းလာ နိုင်ပါသလား။

အရွယ်ရောက်ပြီးသော သူသည်ပြန်ကောင်းနိုင်သော အခွင့်အလမ်း ပိုများနိုင်ပြီးကလေးငယ်နှင့် မွေးခါစ ကလေးအများစု သည်ကူးစက်ပါက နာတာရှည် အသည်းရောင်အသားဝါဘီ ရောဂါဖြစ်နိုင်ပါတယ်။ အသက် အရွယ် အလိုက်ရောဂါပြန် လည်ပျောက်ကင်းနိုင်သောရာခိုင်နှုန်းများကိုအောက်တွင် ဖော်ပြ ထားပါ တယ်။

  • အရွယ်ရောက်ပြီးသူများတွင်၉၀%မှာပြဿနာမရှိ ဘဲပျောက်ကင်းနိုင်ပြီး၁၀%မှာနာတာရှည်အသည်း ရောင်ရောဂါဖြစ်နိုင်ပါတယ်။
  • ကလေးငယ်များတွင်၄၀%မှာပြဿနာမရှိဘဲပျောက် ကင်းနိုင်ပြီး၆၀%မှာနာတာရှည် အသည်းရောင် ရောဂါ ဖြစ်နိုင် ပါတယ်။
  • မွေးကင်းစကလေးငယ်များတွင်၉၀%မှာ နာတာရှည်ကူး စက်ခံရနိုင်ပြီး၁၀%သာလျှင် ပြန်ကောင်း လာနိုင် ပါတယ်။

အခြားသူများကိုအသည်းရောင်အသားဝါဘီပိုးမကူးစက်အောင် ဘယ်လိုကာကွယ်မလဲ။

သင့်တွင်ဘီပိုးကူးစက်ခံရပါက အခြားသူများကိုလည်းကူးစက် နိုင်ပါတယ်။ မိမိနှင့်လိင်ဆက်ဆံသူ၊ တစ်အိမ် တည်းနေသော သူများကိုဘီပိုးရှိမရှိ စစ်ဆေးသင့်ပြီး မရှိပါကကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ အသည်းရောင်အသားဝါဘီပိုးရှိသော မိခင်မှမွေးဖွားလာသောကလေးငယ်များကိုမွေးခန်းထဲတွင် (သို့) မွေးပြီး ၁၂နာရီအတွင်းကာကွယ်ဆေးထိုးရပါမည်။

ထို့ပြင်ထိခိုက်ဒဏ်ရာများ ရှိလျှင်အုပ်ထားသင့်ပြီး မုတ်ဆိတ် ရိတ်ဓါး၊ သွားပွတ်တံများ၊ နားကပ်များ ဝေမျှသုံး ခြင်းကိုရှောင် ကြဉ်သင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော်ထိုအရာများမှတ ဆင့်သွေးချင်း ထိပြီးရောဂါကို ကူးစက်နိုင်သောကြောင့်ဖြစ်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးကိုကုသနိုင်ပါသလား။

မကုသနိုင်ပါဘူး။ တခါတရံတွင်လ အနည်းငယ်အတွင်းတွင် အလိုအလျောက်ပျောက်ကင်းနိုင်ပြီး အချို့သော နာတာရှည်ကူး စက်ခံရသောသူများတွင်လည်းအလိုအလျောက်ပျောက်ကင်း နိုင်ပါတယ်။

သင့်တွင်အသည်းရောင်အသားဝါဘီပိုးရှိပါကဘာလုပ်သင့်ပါ သလဲ။

၆လနှင့်အထက် ဘီပိုးရှိပါကသင့်တွင် နာတာရှည်အသည်း ရောင်အသားဝါဘီပိုးရှိနေသည်ဟုပြော၍ရပါတယ်။ ထိုအခါမျိုး တွင်အသည်းအထူးကုနှင့်ပြသ၍အသည်းအခြေအနေကိုသိရှိ ရန်သွေးစစ်ခြင်း၊ အာထရာ ဆောင်းရိုက်ခြင်း များပြုလုပ်သင့်ပါ တယ်။ နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိသောသူ များသည် ကျန်းမာ၍ အသက်ရှည်ရှည်နေနိုင်ရန်မျှော်လင့်ကြပါ တယ်။

နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိပါက ပိုးသည် သွေးနှင့်အသည်းတွင်အချိန်အကြာကြီးတသက်လုံးရှိ နေမည်ဖြစ်သည်။ သင့်တွင်ရောဂါလက္ခဏာမပြလျှင်တောင်မှ အခြားသူများကိုကူးစက်နိုင်ပါတယ်။ ထို့ကြောင့် မိမိနှင့်အတူ နေသူများနှင့် sex partners များကိုဘီပိုးရှိမရှိစစ်ဆေး၍ကာ ကွယ်ဆေးထိုးထား သင့်ပါတယ်။

နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိသူအတွက်ဘာအကြံ ဉာဏ်များပေးသင့်ပါသလဲ။

အရက်သည်အသည်းကိုဘေးဖြစ်စေနိုင်သောကြောင့် အရက် သောက်ခြင်းမှလုံးဝရှောင်ကြဉ်ပါ။ ထို့အတူပင် ဆေးလိပ် သောက်ခြင်းကိုလည်းရှောင်ကြဉ်သင့်ပါတယ်။ ဆရာဝန်ညွှန် ကြားသောဆေးများ၊ မညွှန်ကြားသော ဆေးများ၊ သဘာ၀ ဆေးဖက်ဝင်ဆေးများမသောက်မီ ဆရာဝန်နှင့်အရင်ဆွေးနွေး သင့်ပါတယ်။

နာတာရှည် အသည်းရောင်အသားဝါ ဘီပိုးရှိသူများအတွက်စား သောက်မှုပုံစံ သက်သက်မရှိသော်လည်း သင့်တင့်မျှတသောအ စားအသောက်၊ အဆီနည်းသောအသီးအရွက်များသောအစား အသောက်များသည် ကောင်းမွန်ပါတယ်။ ပင်လယ်စာအစိမ်းတွင် အသည်းကို ထိခိုက်နိုင်သောဘက်တီးရီးယားပိုးများပါဝင်သော ကြောင့်ပင်လယ်စာ အစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

အားကစားများပြုလုပ်ခြင်းဖြင့် ကျန်းမာသောဘဝကိုရရှိနိုင် သည်ကိုအမြဲသတိရပါ။ ၎င်းသည်ဆေးကုသမှု မဟုတ်သော် လည်းသင့်ရောဂါကိုသက်သာစေရန်ကူညီပါလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။ (Dr. Sandar Lin)


No comments:

Powered by Blogger.